အိပ္ယာ ကႏိုးေပမယ့္ ႐ုံးပိတ္ရက္ မို႔ ထမေသးပဲ ႏွပ္ေနေသာ သူ မိန္းမရဲ႕ ခပ္တိုးတိုးစကားေၾကာင့္ ေခါင္းေထာင္သြားသည္။ “ဘာျဖစ္လို႔လဲ မိန္းမ ရဲ႕ ”“ဘုရားပန္ ေတြဝယ္လာတာတဲ့ ၊ က်ဴးလစ္ပန္း. ေတြေလ ..တခက္တခက္ကိုေဈးႀကီးေပးၿပီး ပန္း က်ေတာ့ ပြင့္အာၿပီးေႂကြက်ေတာ့မယ္ ေရွာက္႐ြက္ ကလည္း ႏြမ္းဖက္ေနတာပဲ စိတ္ညစ္တယ္”” ေအာ္… မိန္းမရယ္။ ဘာမ်ားျဖစ္တာလည္းလို႔ ..တခါတခါေရာင္းမွားဝယ္မွားျဖစ္တာေနမွာေပါ့ ”

“အဲ့လိုမျဖစ္ေစခ်င္လို႔ေပါ့ ေမာင္ရယ္ ။ေမာင့္ကို သာ အခုမွေျပာျပတာ။အေမအဲ့လိုျဖစ္ေနတာ ၾကာၿပီ။ ဘာလုပ္လုပ္စိတ္ထဲကမပါတာလား မသိဘူး ၊ဟိုတခါလည္းဝက္သားဝယ္လာတာ ဝက္သိုးသားျဖစ္ေနေတာ့ အနံ႔နဲ႔တင္ခ်က္ေနရင္း ေခါင္းေတြကိုက္လာလို႔ သြန္ပစ္လိုက္ရတယ္။ ႏုငယ္တို႔က လခစားဝန္ထမ္းေတြေလ၊တလ တလ အလ်င္မီေအာင္သုံးရစြဲရတာ …အခုဆို ရက္ၾကာ ၾကာ ထားရမယ့္ ဘုရားပန္း ကိုထပ္ဝယ္ရေတာ့မယ္ ၊ေလလြင့္တာေပါ့..ကဲ ထ၊ ရွင့္အကိုေရာက္ေနတယ္ ။ ႏုငယ္ အိမ္ယာေတြသိမ္းလိုက္ဦးမယ္”

မိန္းမျဖစ္သူရဲ႕အေျပာကလည္းမွန္ေနသျဖင့္ သူဘာမွေစာဒကတက္မေနေတာ့ ။ ေနာက္မ်က္ႏွာ သစ္ရန္အိပ္ယာမွထၿပီးေဖးကိုထြက္လာေတာ့ အေမက သူ႔ကို ၿပဳံး႐ႊင္စြာျဖင့္

“သား မ်က္ႏွာသစ္၊ မင္းအကိုႀကီးလည္းအိမ္ေရွ႕မွာေရာက္ေနတယ္ …အေမ ထမင္းေၾကာ္ ထားတယ္။ငယ္ငယ္က သားတို႔ႀကိဳက္သလို ဆႏြင္းေလးနဲ႔ဝါဝါေလး။ အေမေႏႊးထားလိုက္မယ္ေနာ္ ”

အေမ့ ကိုေခါင္းညိတ္ျပရင္း မ်က္ႏွာျမန္ျမန္သစ္ကာ ထမင္းစားပြဲမွာထိုင္ေတာ့ အေမက အေငြ႕ ေထာင္း ေထာင္းထေနေသာ ထမင္းေၾကာ္ ကို ငါးနီတူ ေျခာက္ေၾကာ္ေလးႏွ႔င့္တြဲကာလာခ်ေပး သည္။ စားႏွင့္ေနၿပီျဖစ္ေသာ အကိုႀကီးႏွင့္အေမ့ကို ၿပဳံးျပၿပီး သူတဇြန္းခပ္စားလိုက္ေတာ့ ဆႏြင္းနံ႔မေပ်ာက္ေသးေသာ ခပ္ငံငံ ထမင္းေၾကာ္က သူ႔ကိုစိတ္ညစ္သြားေစသည္။ ႀကိတ္မွိတ္ၿမိဳခ်ရင္း အေမ့ကိုၾကည့္လိုက္ေတာ့ အေမ့မ်က္ႏွာက သားျဖစ္သူစားေကာင္းမေကာင္းကို အကဲခတ္ဟန္ျဖင့္

“ေကာင္းရဲ႕လားသား ၊ ဘာလိုေသးလည္း”

“မလိုပါဘူးအေမရဲ႕ …အေမ့ လက္ရာက ဟိုးအရင္ကအတိုင္းပဲ စားေကာင္းေနက် ”

သူမေျဖခင္ အကိုႀကီး ကအရင္ေျဖသည္။ အကိုႀကီးရဲ႕မ်က္ႏွာကို သူတအံ့တၾသၾကည့္မိသည္။ အသက္ခုနစ္ဆယ္အ႐ြယ္ အေမ့မ်က္ႏွာက ပီတိတေဝေဝႏွင့္ ၿပဳံး႐ႊင္စြာ။သူကေတာ့ ဆက္မစားလိုတာေၾကာင့္ ေကာ္ဖီခြက္ကို ယူကာေသာက္ရင္း အေမ့အလစ္ေခ်ာင္းေနမိေတာ့သည္။

—————–

“အေမကလည္းေနာ္ …ေစာေစာစီးစီး သတိထားမွေပါ့ အေမရယ္ ၊စိတ္ေတြညစ္လိုက္တာ ”

မိန္းမျဖစ္သူရဲ႕ အသံေၾကာင့္ သူပက္လက္ကုလားထိုင္မွာထိုင္ၿပီး သတင္းစာဖတ္ေနရာက နားစြင့္လိုက္မိသည္ ။ မိန္းမရဲ႕ ခပ္တိုးတိုးေရ႐ြတ္သံကိုၾကားေသာ္လည္း အေမ့အသံကိုမၾကားရတာမို႔ သူထိုင္ေနရာက အသာထကာ မီးဖိုေခ်ာင္ဖက္သြားၾကည့္ေတာ့ ထမင္းစားပြဲမွာ ထမင္းခ်ိဳင့္ထည့္ေနေသာ မိန္းမက သူ႔ကိုတစ္ခ်က္ၾကည့္ရင္း

“ေမာင္ေရ ၊ ႐ုံးသြားခါနီးမွ အလုပ္ေပၚၿပီ ။ အေမရယ္ အိမ္သာသြားရင္းလမ္းမွာ ထြက္က်လို႔ ”

သမီးျဖစ္သူ အိအိက အေမ့ေျခေထာက္ေတြကို ေရေဆးေပးေနေသာ္လည္း မ်က္ႏွာကမေက်နပ္ သလို ပါးစပ္ကလည္း ပြစိပြစိေျပာေနတာေၾကာင့္ သူအခန္းထဲကေန ထမီတစ္ထည္ယူကာ အေမ့ကို လွမ္းေပးလိုက္သည္ ။ သူ႔ကိုျမင္ေတာ့ အိအိက ဘာမွဆက္မေျပာေတာ့ ။ အိမ္ေနာက္ေဖး အိမ္ေပါက္ဝမွာ ရပ္ေနေသာအေမက သူ႔မ်က္ႏွာကို အားနာစြာၾကည့္ေနသျဖင့္

“အေမ..ဘယ္လိုျဖစ္တာလည္း ။ ကေလးမဟုတ္သူငယ္မဟုတ္ ထြက္က်ရတယ္လို႔”

“အေမလည္း အိမ္သာကို အျမန္သြားတာပဲ သားငယ္ရယ္ ..ဘယ္လိုျဖစ္သြားလည္းမသိပါဘူး ”

အေမ့အသံက ခပ္တိုးတိုးရွိလွသည္ ။ ေခြၽးမကိုအားနာစိတ္၊သားျဖစ္သူကိုရွက္ေသာစိတ္ေၾကာင့္ မ်က္ႏွာကခပ္နီနီ ။

သူဘာမွ ဆက္မေျပာေတာ့ ။အိမ္ေရွ႕မွာ ႐ုံးက လာႀကိဳေသာ ဖယ္ရီေရာက္လာသျဖင့္ စကားျဖတ္ ကာ သူႏွင့္တပါတည္း ယူစရာရွိတာေတြကို ယူၿပီး ႐ုံးကားေပၚတက္ထိုင္လိုက္သည္ ။ ခဏေနမွ မိန္းမက သုတ္သုတ္ျပာျပာႏွင့္ကားေပၚတက္ လာသည္ ။

” ဒီေန႔ မမႏု ေနာက္က်တယ္ ”

စုစုက ခပ္ၿပဳံးၿပဳံးစသည္ ။

“ေန႔တိုင္းေနာက္က်တယ္ စုေရ ..အိမ္က ေယာကၡမႀကီးလည္းဘာျဖစ္မွန္းကိုမသိဘူး ။အခုတေလာ ဆီးထြက္က် ဝမ္းထြက္က်နဲ႔ …၊ အလုပ္ကပင္ပန္းၿပီး ျပန္လာရင္ ကိုစိုးေမာင္တို႔က အိတ္ကေလးခ် ပန္ကာေလးဖြင့္ၿပီး နားေနေရာ ။ ကိုယ့္မွာသာ ဖတ္သီဖတ္သီနဲ႔ ေသးစိုဝတ္ေတြေလွ်ာ္ ညေနစာခ်က္ သိမ္းဆည္း ။အားလုံးလည္းၿပီးေရာ အိပ္ခ်ိန္ေရာက္ၿပီ ။ တေန႔တေန႔ဆိုတာ ဘယ္လိုေနဝင္ၿပီး ဘယ္လိုေနထြက္မွန္း မသိေတာ့တာၾကာေပါ့ စုစုေရ ”

သူမိန္းမျဖစ္သူကို လွမ္းၾကည့္လိုက္သည္ ။

မိန္းမက သူ႔ကိုျပန္မၾကည့္ ။ေျပာခ်င္ရာေျပာလိုက္ရလို႔စိတ္ေပါ့သြားဟန္ျဖင့္ ကားျပတင္းေပါက္ကေန အေဝးကို ေငးေနတာကို ေတြ႕ရသည္ ။ စိုးေမာင္ သက္ျပင္းဖြဖြခ်မိသည္ ။

အခုတေလာ အေမ့ပုံစံက ခ်ဴခ်ာသလိုထင္ရသည္ ။တခါတခါ ဟိုးအရင္သူတို႔ငယ္ငယ္က အေၾကာင္း ေလးေတြကို ျပန္သတိရခ်င္ရေနတတ္ၿပီး လက္ရွိမွာ ထမင္းစားၿပီးသလားကိုပင္ ေမ့ေနတတ္ျပန္သည္ ။ ၾကာေတာ့မိန္းမျဖစ္သူဆီကေန အသံထြက္လာေတာ့တာေၾကာင့္ အေမ့ပုံက အားနာသလို ေနရခက္ေနသလို ျဖစ္ေနသည္ဟု သူခံစားရသည္ ။

႐ုံးပိတ္ရက္က်ရင္ေတာ့ ေဆးခန္းေလးဘာေလးျပၾကည့္ဖို႔ သူစိတ္ကူးလိုက္သည္ ။ သို႔ေသာ္ သူ႔စိတ္ကူးတို႔သည္ စိတ္ကူးသာျဖစ္ၿပီး လက္ေတြ႕မွာ ျဖစ္မလာႏိုင္ခဲ့ ။

~~~~~~~~~~~~~~

” ဟိုတေန႔ကဆို သူ႔သားစားမယ့္ထမင္းပန္းကန္ထဲ ေ႐ႊဖ႐ုံသီးဟင္းေတြထည့္ၿပီးနယ္ထားတာ ။ ေဘးကေန မန္းက်ီးသီးစိမ္းေၾကာ္ေလးပုံၿပီး ဇြန္းတပ္ ၊ ေရေႏြးၾကမ္းတစ္ခြက္ အဆင္သင့္ခ်ထားတာ …ႏုငယ္က ဘုရားပန္းလဲေနလို႔ မသိလိုက္ဘူး ။အိမ္ေနာက္ေဖး ဝင္ၾကည့္ေတာ့မွ …. တအိမ္လုံးပြစာႀကဲေနတာပဲ အကိုႀကီးရယ္ ။ အေမဘာလုပ္ေနတာလည္းဆိုေတာ့မွ ဒါ..သားငယ္ေလး အႀကိဳက္တဲ့ ၊ ငယ္ငယ္ကဆို အၿမဲခ်က္ေကြၽးရတယ္..ခ်က္ၿပီး အဲ့လိုနယ္ဖတ္ေပးမွ သူကစားတာတဲ့ …ဟင္းဟင္း ။သူ႔သားက တလုပ္စားၿပီးငံလြန္းလို႔ဆိုၿပီး ဆက္မစားဘူး ”

မိန္းမျဖစ္သူရဲ႕ အေျပာကို အကိုႀကီးက ၿပဳံးကာ နားေထာင္သည္ ။ ၿပီးမွ အေမ့ဖက္ကိုၾကည့္ၿပီး

” အေမက ဘက္လိုက္တယ္ ။သူ႔သားက် ခ်က္ေကြၽးတယ္.. သားကိုက်ေတာ့ အဲ့လိုမ်ိဳးလုပ္မေကြၽးဘူး ”

အကိုႀကီးရဲ႕ စကားေၾကာင့္ အေမလႈပ္လႈပ္ရွားရွားျဖစ္သြားသည္ ။ သူ႔သားကိုအေတာ္ေလးအားနာသြားဟန္ ျဖစ္သြားတာကိုလည္း ေတြ႕ရသည္ ။

“အေမ သြားျပင္လိုက္မယ္ …”

အေမ ထိုင္ေနရာက ထေတာ့ အကိုႀကီးက လက္ျပကာတားရင္း

” သူတို႔အိမ္မွာ ခ်က္ထားတာေတြ မစားခ်င္ပါဘူး အေမရာ … သားက အေမကိုယ္တိုင္ခ်က္ျပဳတ္ၿပီး ေကြၽးတာကို စားခ်င္တာ ။အေမ ..သားနဲ႔ အိမ္လိုက္ခဲ့ေနာ္ ..။သားနဲ႔တလွည့္ေနၿပီးသားကို ငယ္ငယ္တုန္းကလို ထမင္းနယ္ၿပီးေကြၽးမယ္ မဟုတ္လား ”

“ေကြၽးမွာေပါ့ …”

အေမ့အသံက ႐ႊင္လန္းလာသည္ ။

ကြၽန္ေတာ္ အကိုႀကီး ဝင္းေမာင္ရဲ႕မ်က္ႏွာကို ၾကည့္မိသည္ ။ အကိုက မ်က္စိတစ္ဖက္မွိတ္ျပရင္း အေမ့ဖက္လွည့္ကာ

” အေမ ၊ အေမ့အက်ႌေတြ သြားယူေလ ..သား ေတာ္ၾကာေနျပန္ေတာ့မွာ ”

“ေအး ၊ ေအး ”

အေမ ထိုင္ေနရာမွ ခပ္သြက္သြက္ထကာ အိပ္ခန္းထဲဝင္သြားမွ အကိုႀကီးက သူ႔ဖက္လွည့္ၿပီး

” အေမ့ကို အကိုေခၚသြားလိုက္မယ္ ။ မင္းတို႔လည္းဝန္ထမ္းေတြဆိုေတာ့ ကသီလင္တႏိုင္မွာပဲ ။ အကိုလည္း တပါတ္တခါ လာလာၾကည့္ရတာ ခရီးေထာင့္တယ္ ..အိမ္ေခၚထားလိုက္ေတာ့ အားလုံးအဆင္ေျပတာေပါ့ ၊ အကို႔အလုပ္က စာေရးတာဆိုေတာ့ အျပင္သြားစရာလည္း သိပ္မလိုဘူး ။ၿခံထဲမွာ ငါ့တပည့္ ဖိုးကဲတို႔ မိသားစုရွိေနေတာ့ အေမလည္း ေပ်ာ္မွာပါ ”

မိန္းမမ်က္ႏွာက ေပ်ာ္သြားသလို ဝင္းကနဲ ျဖစ္သြားတာကို သူျမင္လိုက္သည္ ။သူလည္း စိတ္ေအးသြားတာေၾကာင့္ မေခၚပါနဲ႔ ဘာညာ ေျပာမေနေတာ့ ။ ၾကာရင္ မိန္းမႏွင့္အေမ့ၾကား အဖုအထစ္ေလးေတြ ရွိလာမယ့္အေရးမွ ကင္းသြားသည္ဟု ဆိုရေပမည္ ။ ခဏၾကာေတာ့ အေမ အထုတ္ေလးဆြဲကာ ျပန္ထြက္လာသည္ ။ ဒါေပမယ့္ သူ႔ဖက္ကို သိပ္မၾကည့္ ။

စိုးေမာင္ အေမ့နားကပ္ကာ အေမ့လက္ကေလးကို အသာဆြဲယူၿပီး အေမ့ပါးတစ္ဖက္ကို နမ္းေတာ့ အေမ မ်က္ရည္ဝဲသည္ ။

“က်န္းမာေရးဂ႐ုစိုက္ ”

အေမ့စကားက သည္ေလာက္သာ ။ ဒါေပမယ့္ အေမ့မ်က္လုံးေတြကေတာ့ စကားေတြအမ်ားႀကီးေျပာေနသလိုပင္ ။ အိမ္ေထာင္က်ကတည္းက သူခ်စ္ေသာသားဆီမၾကာမၾကာလာေနရင္း ကေလးေဝယ်ာဝစၥေတြေၾကာင့္စိတ္မခ်ဘူးဟုဆိုကာ မျပန္ေတာ့ပဲအတူတူေနတာမို႔ သူ႔ကို အေမဘယ္ေလာက္ခ်စ္မွန္း သူအသိဆုံးပင္ ။ ဒါေပမယ့္ အေမက သူ႔ကို သိပ္မၾကည့္သလို ခံစားရေတာ့လည္း သူစိတ္မေကာင္း ။

ျပန္ခါနီးက်ေတာ့ အကိုႀကီးက သူ႔ပခုံးကိုဖက္ကာ ခပ္တိုးတိုးေျပာသြားသည္ ။

“မင္း အေမ့ေမတၱာနဲ႔ နယ္ထားတဲ့ ထမင္းကို ႀကိတ္မွိတ္စားသင့္တယ္ ငါ့ညီ”

အကိုႀကီးမ်က္ႏွာကိုၾကည့္ၿပီး သူ ဘာစကားမွ မဆိုမိ ။

ဒီေလာက္ငန္တဲ့ထမင္းကို ဘယ္လိုလုပ္စားမလည္းဟုသာ စိတ္ထဲက ေစာဒဂတက္မိသည္ ။ အကိုႀကီးကလည္း သူတို႔ကို ဘာစကားမွ ဆက္မေျပာေတာ့ ။အေမ့ကိုသာ အငွားကားေပၚတင္ၿပီး သူ႔အိမ္ျပန္သြားသည္ ။

“ေတာ္ပါေသးရဲ႕ ၊ရွင့္အကိုသာလာမေခၚရင္ ကြၽန္မလည္း ဖုန္းဆက္ေျပာမိေတာ့မွာ။ သူကလူလြတ္မို႔ ျပသနာမရွိဘူး ၊အေမဒီလို ျဖစ္ေနတာၾကာလာေလ ကြၽန္မတို႔နဲ႔အဆင္မေျပျဖစ္ေလ ျဖစ္ေတာ့မွာ”

“အဲ့လိုေတာ့ မေျပာပါနဲ႔မိန္းမရယ္ ၊အေမလည္းသူတာဝန္ယူႏိုင္တဲ့အခ်ိန္က အားလုံးလုပ္ေပးခဲ့တာပဲမဟုတ္လား”

“အမေလး….. ကိုမ်ိဳးခ်စ္။ အေမကိုထိလို႔ကိုမရပါလား။ကြၽန္မက အျဖစ္ေျပာတာပါေတာ္။က်ဳပ္လည္း ေယာကၡမကို ခ်ီးကလူေသးကလူ ျပဳစုရတာ ပါပဲ၊ကိုယ့္မေအေတာင္လုပ္ေပးခြင့္ရတာမဟုတ္ဘူး”

မိန္းမျဖစ္သူကိုၾကည့္ၿပီး သူစိတ္ပ်က္စြာေခါင္းယမ္းမိသည္။ ထိုေန႔ကစၿပီး အေမေရာ အကိုႀကီးပါ သူ႔အိမ္ကို သိပ္မလာေတာ့ ။

သူလည္း အေမ့ဆီကို မေရာက္ျဖစ္ေတာ့ ။

တခါတေလ သြားကန္ေတာ့လွ်င္ေတာ့ သနပ္ခါးေတြေဖြးေနေအာင္လိမ္းထားေသာအေမက ၿပဳံးၿပဳံးႀကီး ဆုေတြေပးသလို ေပ်ာ္ေနဟန္ကလည္းအတိုင္းသားပင္။

အကိုႀကီးကေတာ့ အေမ့ဆီမၾကာမၾကာလာဖို႔ သတိေပးရွာသည္။

“အေမ ငယ္မူျပန္ခ်င္ေနသည္”ဟုလည္း ခပ္တိုးတိုးသတင္းေပးေပမယ့္ အစိုးရဝန္ထမ္းျဖစ္သူ သူ႔မွာ အၿမဲမေရာက္ႏိုင္။

ဒါေပမယ့္အေမကေတာ့ သူလာျခင္းမလာျခင္းကို ေစာင့္ဆိုင္းမေနေတာ့ ။အိပ္ယာထဲလွဲေနရင္း ဦးေဏွာက္ေသြးၾကာျပတ္ကာ ႏႈတ္ဆက္သြားေလေတာ့သည္။

——————————————–

မ်က္ႏွာေပၚတဖြဲဖြဲႏွင့္ မသိမသာစင္ေသာအထိအေတြ႕ေၾကာင့္ သူ အိပ္ယာက လန႔္ႏိုးလာသည္။ မိုးကလည္းသည္းလိုက္တာဟုေတြးရင္း ပြင့္ေနေသာျပတင္းေပါက္ကို တေယာက္ေယာက္မ်ားလာပိတ္မလားဟု မသိမသာေမွ်ာ္ေနေပမယ့္ တအိမ္လုံး ဘာသံမွမၾကားရတာေၾကာင့္သူ စိတ္ေလွ်ာ့လိုက္သည္။ ျပတင္းေပါက္တံခါးကိုေလတိုးသံႏွင့္အတူ မိုးက တရစပ္ပက္လာေသာ့ေၾကာင့္ သူ႔ေအာက္ပိုင္းတစ္ခုလုံး စိုထိုင္းလို႔လာသလို အေပါ့သြားခ်င္စိတ္ေတြကလည္းထိန္းမရေအာင္ျဖစ္၍လာေလသည္။ မျဖစ္။ အိပ္ယာထဲဆီးသြားလို႔မျဖစ္ ။ အိပ္ယာခင္းစိုထိုင္းထိုင္းႏွင့္သူမေနႏိုင္။ ဘယ္သူကမွလည္း တခုတ္တရ လာလဲေပးမွာမဟုတ္။ ကိုစိုးေမာင္ အတင္းခ်ဳပ္တီးထားသည့္ၾကားမွ ဆီးကထိန္းမရပဲ ထြက္က်ေလေတာ့သည္။

“………..”

ေလျဖတ္ထားသျဖင့္ ဝူးဝူးဝါးဝါးျဖစ္ေနေသာသူ႔ေအာ္သံက မိုးသံေတြၾကားမွာ ေပ်ာက္သြားေလသျဖင့္ ဆက္ၿပီးႀကိဳးစားမေနေတာ့။ ဝမ္းနည္းစိတ္က လႈိက္ကနဲတက္လာသလိုမိန္းမျဖစ္သူရဲ႕မ်က္ႏွာကိုလည္း ေျပးျမင္မိသည္။တဖန္ သမီးျဖစ္သူအိအိရဲ႕ ျငဴစူသံ၊ သားမက္ျဖစ္သူရဲ႕ နင္ပဲငဆေျပာသံေတြကို နားထဲၾကားမိျပန္သည္။ “အေမ့ဝဋ္ေတြလည္ေနပါၿပီ အေမရယ္”ဟု စိတ္ကေတြးရင္း အကိုႀကီးမဆုံးခင္ေျပာခဲ့ေသာစကားကိုၾကားကာ ဝမ္းနည္းစြာ ငိုမိေတာ့သည္။

“ဒီတံျမက္စည္းကိုၾကည့္ ငါ့ညီ ၊အသစ္တုန္းကမင္းအိမ္ေရွ႕ခန္းမွာထားတယ္ ၊ၾကာလာေတာ့ အေမႊးေတြတုံးလာၿပီးလွဲမေကာင္းေတာ့ဘူး။အဲ့ေတာ့ ေနာက္ေဖးမွာလွဲၿပီး အိမ္ေရွ႕အတြက္အသစ္ဝယ္တယ္။အဲ့တံျမက္စည္းလည္းေဟာင္းလာရင္ မင္းေနာက္ေဖးပို႔ဦးမွာပဲ။ ေနာက္အသစ္ဝယ္ဦးမွာပဲ။အဲဒီအသစ္ကလည္း တေန႔က် ေဟာင္းလာဦးမွာပဲ …သံသရာဆိုတာ လည္ေနတာငါ့ညီ ။ဒါေၾကာင့္ မင္းတို႔ေတြ အေမ့အေပၚ ႏိုင့္ထက္စီးနင္းႀကီးမေျပာပါနဲ႔ ကြာ….။မိဘဆိုတာ အစားထိုးစရာလည္းမရွိဘူး။ရွိေနတုန္းေက်းဇူးဆပ္ခြင့္ရတာ..ဝေအာင္ဆပ္ၾကပါ ။ မင္းတို႔ေတြလည္း အိုၾက နာၾကဦးမွာပဲ။ တေန႔က်ရင္ အသစ္မွန္သမွ်ေဟာင္းၾကရတာပါ ။မင္း တရားရစမ္းပါ”

“ကြၽန္ေတာ္တရားေတြလည္းက် ၊ တရားေတြလည္းရပါၿပီ အကိုႀကီးရယ္။ ေသမင္းရယ္…..ကြၽန္ေတာ့ကို ျမန္ျမန္သာလာေခၚၾကပါေတာ့ ”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: original uploder
# Unicode Version ဖြင့်ဖတ်ရန် #
အိပ်ယာ ကနိုးပေမယ့် ရုံးပိတ်ရက် မို့ ထမသေးပဲ နှပ်နေသော သူ မိန်းမရဲ့ ခပ်တိုးတိုးစကားကြောင့် ခေါင်းထောင်သွားသည်။ “ဘာဖြစ်လို့လဲ မိန်းမ ရဲ့ ”“ဘုရားပန် တွေဝယ်လာတာတဲ့ ၊ ကျူးလစ်ပန်း. တွေလေ ..တခက်တခက်ကိုဈေးကြီးပေးပြီး ပန်း ကျတော့ ပွင့်အာပြီးကြွေကျတော့မယ် ရှောက်ရွက် ကလည်း နွမ်းဖက်နေတာပဲ စိတ်ညစ်တယ်”” အော်… မိန်းမရယ်။ ဘာများဖြစ်တာလည်းလို့ ..တခါတခါရောင်းမှားဝယ်မှားဖြစ်တာနေမှာပေါ့ ”

“အဲ့လိုမဖြစ်စေချင်လို့ပေါ့ မောင်ရယ် ။မောင့်ကို သာ အခုမှပြောပြတာ။အမေအဲ့လိုဖြစ်နေတာ ကြာပြီ။ ဘာလုပ်လုပ်စိတ်ထဲကမပါတာလား မသိဘူး ၊ဟိုတခါလည်းဝက်သားဝယ်လာတာ ဝက်သိုးသားဖြစ်နေတော့ အနံ့နဲ့တင်ချက်နေရင်း ခေါင်းတွေကိုက်လာလို့ သွန်ပစ်လိုက်ရတယ်။ နုငယ်တို့က လခစားဝန်ထမ်းတွေလေ၊တလ တလ အလျင်မီအောင်သုံးရစွဲရတာ …အခုဆို ရက်ကြာ ကြာ ထားရမယ့် ဘုရားပန်း ကိုထပ်ဝယ်ရတော့မယ် ၊လေလွင့်တာပေါ့..ကဲ ထ၊ ရှင့်အကိုရောက်နေတယ် ။ နုငယ် အိမ်ယာတွေသိမ်းလိုက်ဦးမယ်”

မိန်းမဖြစ်သူရဲ့အပြောကလည်းမှန်နေသဖြင့် သူဘာမှစောဒကတက်မနေတော့ ။ နောက်မျက်နှာ သစ်ရန်အိပ်ယာမှထပြီးဖေးကိုထွက်လာတော့ အမေက သူ့ကို ပြုံးရွှင်စွာဖြင့်

“သား မျက်နှာသစ်၊ မင်းအကိုကြီးလည်းအိမ်ရှေ့မှာရောက်နေတယ် …အမေ ထမင်းကြော် ထားတယ်။ငယ်ငယ်က သားတို့ကြိုက်သလို ဆနွင်းလေးနဲ့ဝါဝါလေး။ အမေနွှေးထားလိုက်မယ်နော် ”

အမေ့ ကိုခေါင်းညိတ်ပြရင်း မျက်နှာမြန်မြန်သစ်ကာ ထမင်းစားပွဲမှာထိုင်တော့ အမေက အငွေ့ ထောင်း ထောင်းထနေသော ထမင်းကြော် ကို ငါးနီတူ ခြောက်ကြော်လေးနှ့င့်တွဲကာလာချပေး သည်။ စားနှင့်နေပြီဖြစ်သော အကိုကြီးနှင့်အမေ့ကို ပြုံးပြပြီး သူတဇွန်းခပ်စားလိုက်တော့ ဆနွင်းနံ့မပျောက်သေးသော ခပ်ငံငံ ထမင်းကြော်က သူ့ကိုစိတ်ညစ်သွားစေသည်။ ကြိတ်မှိတ်မြိုချရင်း အမေ့ကိုကြည့်လိုက်တော့ အမေ့မျက်နှာက သားဖြစ်သူစားကောင်းမကောင်းကို အကဲခတ်ဟန်ဖြင့်

“ကောင်းရဲ့လားသား ၊ ဘာလိုသေးလည်း”

“မလိုပါဘူးအမေရဲ့ …အမေ့ လက်ရာက ဟိုးအရင်ကအတိုင်းပဲ စားကောင်းနေကျ ”

သူမဖြေခင် အကိုကြီး ကအရင်ဖြေသည်။ အကိုကြီးရဲ့မျက်နှာကို သူတအံ့တသြကြည့်မိသည်။ အသက်ခုနစ်ဆယ်အရွယ် အမေ့မျက်နှာက ပီတိတဝေဝေနှင့် ပြုံးရွှင်စွာ။သူကတော့ ဆက်မစားလိုတာကြောင့် ကော်ဖီခွက်ကို ယူကာသောက်ရင်း အမေ့အလစ်ချောင်းနေမိတော့သည်။

—————–

“အမေကလည်းနော် …စောစောစီးစီး သတိထားမှပေါ့ အမေရယ် ၊စိတ်တွေညစ်လိုက်တာ ”

မိန်းမဖြစ်သူရဲ့ အသံကြောင့် သူပက်လက်ကုလားထိုင်မှာထိုင်ပြီး သတင်းစာဖတ်နေရာက နားစွင့်လိုက်မိသည် ။ မိန်းမရဲ့ ခပ်တိုးတိုးရေရွတ်သံကိုကြားသော်လည်း အမေ့အသံကိုမကြားရတာမို့ သူထိုင်နေရာက အသာထကာ မီးဖိုချောင်ဖက်သွားကြည့်တော့ ထမင်းစားပွဲမှာ ထမင်းချိုင့်ထည့်နေသော မိန်းမက သူ့ကိုတစ်ချက်ကြည့်ရင်း

“မောင်ရေ ၊ ရုံးသွားခါနီးမှ အလုပ်ပေါ်ပြီ ။ အမေရယ် အိမ်သာသွားရင်းလမ်းမှာ ထွက်ကျလို့ ”

သမီးဖြစ်သူ အိအိက အမေ့ခြေထောက်တွေကို ရေဆေးပေးနေသော်လည်း မျက်နှာကမကျေနပ် သလို ပါးစပ်ကလည်း ပွစိပွစိပြောနေတာကြောင့် သူအခန်းထဲကနေ ထမီတစ်ထည်ယူကာ အမေ့ကို လှမ်းပေးလိုက်သည် ။ သူ့ကိုမြင်တော့ အိအိက ဘာမှဆက်မပြောတော့ ။ အိမ်နောက်ဖေး အိမ်ပေါက်ဝမှာ ရပ်နေသောအမေက သူ့မျက်နှာကို အားနာစွာကြည့်နေသဖြင့်

“အမေ..ဘယ်လိုဖြစ်တာလည်း ။ ကလေးမဟုတ်သူငယ်မဟုတ် ထွက်ကျရတယ်လို့”

“အမေလည်း အိမ်သာကို အမြန်သွားတာပဲ သားငယ်ရယ် ..ဘယ်လိုဖြစ်သွားလည်းမသိပါဘူး ”

အမေ့အသံက ခပ်တိုးတိုးရှိလှသည် ။ ချွေးမကိုအားနာစိတ်၊သားဖြစ်သူကိုရှက်သောစိတ်ကြောင့် မျက်နှာကခပ်နီနီ ။

သူဘာမှ ဆက်မပြောတော့ ။အိမ်ရှေ့မှာ ရုံးက လာကြိုသော ဖယ်ရီရောက်လာသဖြင့် စကားဖြတ် ကာ သူနှင့်တပါတည်း ယူစရာရှိတာတွေကို ယူပြီး ရုံးကားပေါ်တက်ထိုင်လိုက်သည် ။ ခဏနေမှ မိန်းမက သုတ်သုတ်ပြာပြာနှင့်ကားပေါ်တက် လာသည် ။

” ဒီနေ့ မမနု နောက်ကျတယ် ”

စုစုက ခပ်ပြုံးပြုံးစသည် ။

“နေ့တိုင်းနောက်ကျတယ် စုရေ ..အိမ်က ယောက္ခမကြီးလည်းဘာဖြစ်မှန်းကိုမသိဘူး ။အခုတလော ဆီးထွက်ကျ ဝမ်းထွက်ကျနဲ့ …၊ အလုပ်ကပင်ပန်းပြီး ပြန်လာရင် ကိုစိုးမောင်တို့က အိတ်ကလေးချ ပန်ကာလေးဖွင့်ပြီး နားနေရော ။ ကိုယ့်မှာသာ ဖတ်သီဖတ်သီနဲ့ သေးစိုဝတ်တွေလျှော် ညနေစာချက် သိမ်းဆည်း ။အားလုံးလည်းပြီးရော အိပ်ချိန်ရောက်ပြီ ။ တနေ့တနေ့ဆိုတာ ဘယ်လိုနေဝင်ပြီး ဘယ်လိုနေထွက်မှန်း မသိတော့တာကြာပေါ့ စုစုရေ ”

သူမိန်းမဖြစ်သူကို လှမ်းကြည့်လိုက်သည် ။

မိန်းမက သူ့ကိုပြန်မကြည့် ။ပြောချင်ရာပြောလိုက်ရလို့စိတ်ပေါ့သွားဟန်ဖြင့် ကားပြတင်းပေါက်ကနေ အဝေးကို ငေးနေတာကို တွေ့ရသည် ။ စိုးမောင် သက်ပြင်းဖွဖွချမိသည် ။

အခုတလော အမေ့ပုံစံက ချူချာသလိုထင်ရသည် ။တခါတခါ ဟိုးအရင်သူတို့ငယ်ငယ်က အကြောင်း လေးတွေကို ပြန်သတိရချင်ရနေတတ်ပြီး လက်ရှိမှာ ထမင်းစားပြီးသလားကိုပင် မေ့နေတတ်ပြန်သည် ။ ကြာတော့မိန်းမဖြစ်သူဆီကနေ အသံထွက်လာတော့တာကြောင့် အမေ့ပုံက အားနာသလို နေရခက်နေသလို ဖြစ်နေသည်ဟု သူခံစားရသည် ။

ရုံးပိတ်ရက်ကျရင်တော့ ဆေးခန်းလေးဘာလေးပြကြည့်ဖို့ သူစိတ်ကူးလိုက်သည် ။ သို့သော် သူ့စိတ်ကူးတို့သည် စိတ်ကူးသာဖြစ်ပြီး လက်တွေ့မှာ ဖြစ်မလာနိုင်ခဲ့ ။

~~~~~~~~~~~~~~

” ဟိုတနေ့ကဆို သူ့သားစားမယ့်ထမင်းပန်းကန်ထဲ ရွှေဖရုံသီးဟင်းတွေထည့်ပြီးနယ်ထားတာ ။ ဘေးကနေ မန်းကျီးသီးစိမ်းကြော်လေးပုံပြီး ဇွန်းတပ် ၊ ရေနွေးကြမ်းတစ်ခွက် အဆင်သင့်ချထားတာ …နုငယ်က ဘုရားပန်းလဲနေလို့ မသိလိုက်ဘူး ။အိမ်နောက်ဖေး ဝင်ကြည့်တော့မှ …. တအိမ်လုံးပွစာကြဲနေတာပဲ အကိုကြီးရယ် ။ အမေဘာလုပ်နေတာလည်းဆိုတော့မှ ဒါ..သားငယ်လေး အကြိုက်တဲ့ ၊ ငယ်ငယ်ကဆို အမြဲချက်ကျွေးရတယ်..ချက်ပြီး အဲ့လိုနယ်ဖတ်ပေးမှ သူကစားတာတဲ့ …ဟင်းဟင်း ။သူ့သားက တလုပ်စားပြီးငံလွန်းလို့ဆိုပြီး ဆက်မစားဘူး ”

မိန်းမဖြစ်သူရဲ့ အပြောကို အကိုကြီးက ပြုံးကာ နားထောင်သည် ။ ပြီးမှ အမေ့ဖက်ကိုကြည့်ပြီး

” အမေက ဘက်လိုက်တယ် ။သူ့သားကျ ချက်ကျွေးတယ်.. သားကိုကျတော့ အဲ့လိုမျိုးလုပ်မကျွေးဘူး ”

အကိုကြီးရဲ့ စကားကြောင့် အမေလှုပ်လှုပ်ရှားရှားဖြစ်သွားသည် ။ သူ့သားကိုအတော်လေးအားနာသွားဟန် ဖြစ်သွားတာကိုလည်း တွေ့ရသည် ။

“အမေ သွားပြင်လိုက်မယ် …”

အမေ ထိုင်နေရာက ထတော့ အကိုကြီးက လက်ပြကာတားရင်း

” သူတို့အိမ်မှာ ချက်ထားတာတွေ မစားချင်ပါဘူး အမေရာ … သားက အမေကိုယ်တိုင်ချက်ပြုတ်ပြီး ကျွေးတာကို စားချင်တာ ။အမေ ..သားနဲ့ အိမ်လိုက်ခဲ့နော် ..။သားနဲ့တလှည့်နေပြီးသားကို ငယ်ငယ်တုန်းကလို ထမင်းနယ်ပြီးကျွေးမယ် မဟုတ်လား ”

“ကျွေးမှာပေါ့ …”

အမေ့အသံက ရွှင်လန်းလာသည် ။

ကျွန်တော် အကိုကြီး ဝင်းမောင်ရဲ့မျက်နှာကို ကြည့်မိသည် ။ အကိုက မျက်စိတစ်ဖက်မှိတ်ပြရင်း အမေ့ဖက်လှည့်ကာ

” အမေ ၊ အမေ့အကျႌတွေ သွားယူလေ ..သား တော်ကြာနေပြန်တော့မှာ ”

“အေး ၊ အေး ”

အမေ ထိုင်နေရာမှ ခပ်သွက်သွက်ထကာ အိပ်ခန်းထဲဝင်သွားမှ အကိုကြီးက သူ့ဖက်လှည့်ပြီး

” အမေ့ကို အကိုခေါ်သွားလိုက်မယ် ။ မင်းတို့လည်းဝန်ထမ်းတွေဆိုတော့ ကသီလင်တနိုင်မှာပဲ ။ အကိုလည်း တပါတ်တခါ လာလာကြည့်ရတာ ခရီးထောင့်တယ် ..အိမ်ခေါ်ထားလိုက်တော့ အားလုံးအဆင်ပြေတာပေါ့ ၊ အကို့အလုပ်က စာရေးတာဆိုတော့ အပြင်သွားစရာလည်း သိပ်မလိုဘူး ။ခြံထဲမှာ ငါ့တပည့် ဖိုးကဲတို့ မိသားစုရှိနေတော့ အမေလည်း ပျော်မှာပါ ”

မိန်းမမျက်နှာက ပျော်သွားသလို ဝင်းကနဲ ဖြစ်သွားတာကို သူမြင်လိုက်သည် ။သူလည်း စိတ်အေးသွားတာကြောင့် မခေါ်ပါနဲ့ ဘာညာ ပြောမနေတော့ ။ ကြာရင် မိန်းမနှင့်အမေ့ကြား အဖုအထစ်လေးတွေ ရှိလာမယ့်အရေးမှ ကင်းသွားသည်ဟု ဆိုရပေမည် ။ ခဏကြာတော့ အမေ အထုတ်လေးဆွဲကာ ပြန်ထွက်လာသည် ။ ဒါပေမယ့် သူ့ဖက်ကို သိပ်မကြည့် ။

စိုးမောင် အမေ့နားကပ်ကာ အမေ့လက်ကလေးကို အသာဆွဲယူပြီး အမေ့ပါးတစ်ဖက်ကို နမ်းတော့ အမေ မျက်ရည်ဝဲသည် ။

“ကျန်းမာရေးဂရုစိုက် ”

အမေ့စကားက သည်လောက်သာ ။ ဒါပေမယ့် အမေ့မျက်လုံးတွေကတော့ စကားတွေအများကြီးပြောနေသလိုပင် ။ အိမ်ထောင်ကျကတည်းက သူချစ်သောသားဆီမကြာမကြာလာနေရင်း ကလေးဝေယျာဝစ္စတွေကြောင့်စိတ်မချဘူးဟုဆိုကာ မပြန်တော့ပဲအတူတူနေတာမို့ သူ့ကို အမေဘယ်လောက်ချစ်မှန်း သူအသိဆုံးပင် ။ ဒါပေမယ့် အမေက သူ့ကို သိပ်မကြည့်သလို ခံစားရတော့လည်း သူစိတ်မကောင်း ။

ပြန်ခါနီးကျတော့ အကိုကြီးက သူ့ပခုံးကိုဖက်ကာ ခပ်တိုးတိုးပြောသွားသည် ။

“မင်း အမေ့မေတ္တာနဲ့ နယ်ထားတဲ့ ထမင်းကို ကြိတ်မှိတ်စားသင့်တယ် ငါ့ညီ”

အကိုကြီးမျက်နှာကိုကြည့်ပြီး သူ ဘာစကားမှ မဆိုမိ ။

ဒီလောက်ငန်တဲ့ထမင်းကို ဘယ်လိုလုပ်စားမလည်းဟုသာ စိတ်ထဲက စောဒဂတက်မိသည် ။ အကိုကြီးကလည်း သူတို့ကို ဘာစကားမှ ဆက်မပြောတော့ ။အမေ့ကိုသာ အငှားကားပေါ်တင်ပြီး သူ့အိမ်ပြန်သွားသည် ။

“တော်ပါသေးရဲ့ ၊ရှင့်အကိုသာလာမခေါ်ရင် ကျွန်မလည်း ဖုန်းဆက်ပြောမိတော့မှာ။ သူကလူလွတ်မို့ ပြသနာမရှိဘူး ၊အမေဒီလို ဖြစ်နေတာကြာလာလေ ကျွန်မတို့နဲ့အဆင်မပြေဖြစ်လေ ဖြစ်တော့မှာ”

“အဲ့လိုတော့ မပြောပါနဲ့မိန်းမရယ် ၊အမေလည်းသူတာဝန်ယူနိုင်တဲ့အချိန်က အားလုံးလုပ်ပေးခဲ့တာပဲမဟုတ်လား”

“အမလေး….. ကိုမျိုးချစ်။ အမေကိုထိလို့ကိုမရပါလား။ကျွန်မက အဖြစ်ပြောတာပါတော်။ကျုပ်လည်း ယောက္ခမကို ချီးကလူသေးကလူ ပြုစုရတာ ပါပဲ၊ကိုယ့်မအေတောင်လုပ်ပေးခွင့်ရတာမဟုတ်ဘူး”

မိန်းမဖြစ်သူကိုကြည့်ပြီး သူစိတ်ပျက်စွာခေါင်းယမ်းမိသည်။ ထိုနေ့ကစပြီး အမေရော အကိုကြီးပါ သူ့အိမ်ကို သိပ်မလာတော့ ။

သူလည်း အမေ့ဆီကို မရောက်ဖြစ်တော့ ။

တခါတလေ သွားကန်တော့လျှင်တော့ သနပ်ခါးတွေဖွေးနေအောင်လိမ်းထားသောအမေက ပြုံးပြုံးကြီး ဆုတွေပေးသလို ပျော်နေဟန်ကလည်းအတိုင်းသားပင်။

အကိုကြီးကတော့ အမေ့ဆီမကြာမကြာလာဖို့ သတိပေးရှာသည်။

“အမေ ငယ်မူပြန်ချင်နေသည်”ဟုလည်း ခပ်တိုးတိုးသတင်းပေးပေမယ့် အစိုးရဝန်ထမ်းဖြစ်သူ သူ့မှာ အမြဲမရောက်နိုင်။

ဒါပေမယ့်အမေကတော့ သူလာခြင်းမလာခြင်းကို စောင့်ဆိုင်းမနေတော့ ။အိပ်ယာထဲလှဲနေရင်း ဦးဏှောက်သွေးကြာပြတ်ကာ နှုတ်ဆက်သွားလေတော့သည်။

——————————————–

မျက်နှာပေါ်တဖွဲဖွဲနှင့် မသိမသာစင်သောအထိအတွေ့ကြောင့် သူ အိပ်ယာက လန့်နိုးလာသည်။ မိုးကလည်းသည်းလိုက်တာဟုတွေးရင်း ပွင့်နေသောပြတင်းပေါက်ကို တယောက်ယောက်များလာပိတ်မလားဟု မသိမသာမျှော်နေပေမယ့် တအိမ်လုံး ဘာသံမှမကြားရတာကြောင့်သူ စိတ်လျှော့လိုက်သည်။ ပြတင်းပေါက်တံခါးကိုလေတိုးသံနှင့်အတူ မိုးက တရစပ်ပက်လာသော့ကြောင့် သူ့အောက်ပိုင်းတစ်ခုလုံး စိုထိုင်းလို့လာသလို အပေါ့သွားချင်စိတ်တွေကလည်းထိန်းမရအောင်ဖြစ်၍လာလေသည်။ မဖြစ်။ အိပ်ယာထဲဆီးသွားလို့မဖြစ် ။ အိပ်ယာခင်းစိုထိုင်းထိုင်းနှင့်သူမနေနိုင်။ ဘယ်သူကမှလည်း တခုတ်တရ လာလဲပေးမှာမဟုတ်။ ကိုစိုးမောင် အတင်းချုပ်တီးထားသည့်ကြားမှ ဆီးကထိန်းမရပဲ ထွက်ကျလေတော့သည်။

“………..”

လေဖြတ်ထားသဖြင့် ဝူးဝူးဝါးဝါးဖြစ်နေသောသူ့အော်သံက မိုးသံတွေကြားမှာ ပျောက်သွားလေသဖြင့် ဆက်ပြီးကြိုးစားမနေတော့။ ဝမ်းနည်းစိတ်က လှိုက်ကနဲတက်လာသလိုမိန်းမဖြစ်သူရဲ့မျက်နှာကိုလည်း ပြေးမြင်မိသည်။တဖန် သမီးဖြစ်သူအိအိရဲ့ ငြူစူသံ၊ သားမက်ဖြစ်သူရဲ့ နင်ပဲငဆပြောသံတွေကို နားထဲကြားမိပြန်သည်။ “အမေ့ဝဋ်တွေလည်နေပါပြီ အမေရယ်”ဟု စိတ်ကတွေးရင်း အကိုကြီးမဆုံးခင်ပြောခဲ့သောစကားကိုကြားကာ ဝမ်းနည်းစွာ ငိုမိတော့သည်။

“ဒီတံမြက်စည်းကိုကြည့် ငါ့ညီ ၊အသစ်တုန်းကမင်းအိမ်ရှေ့ခန်းမှာထားတယ် ၊ကြာလာတော့ အမွှေးတွေတုံးလာပြီးလှဲမကောင်းတော့ဘူး။အဲ့တော့ နောက်ဖေးမှာလှဲပြီး အိမ်ရှေ့အတွက်အသစ်ဝယ်တယ်။အဲ့တံမြက်စည်းလည်းဟောင်းလာရင် မင်းနောက်ဖေးပို့ဦးမှာပဲ။ နောက်အသစ်ဝယ်ဦးမှာပဲ။အဲဒီအသစ်ကလည်း တနေ့ကျ ဟောင်းလာဦးမှာပဲ …သံသရာဆိုတာ လည်နေတာငါ့ညီ ။ဒါကြောင့် မင်းတို့တွေ အမေ့အပေါ် နိုင့်ထက်စီးနင်းကြီးမပြောပါနဲ့ ကွာ….။မိဘဆိုတာ အစားထိုးစရာလည်းမရှိဘူး။ရှိနေတုန်းကျေးဇူးဆပ်ခွင့်ရတာ..ဝအောင်ဆပ်ကြပါ ။ မင်းတို့တွေလည်း အိုကြ နာကြဦးမှာပဲ။ တနေ့ကျရင် အသစ်မှန်သမျှဟောင်းကြရတာပါ ။မင်း တရားရစမ်းပါ”

“ကျွန်တော်တရားတွေလည်းကျ ၊ တရားတွေလည်းရပါပြီ အကိုကြီးရယ်။ သေမင်းရယ်…..ကျွန်တော့ကို မြန်မြန်သာလာခေါ်ကြပါတော့ ”

ဖိုးသူတော် (www.phothutaw.com)
Credit: original uploder

Add comment